၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ ရှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ယက်နှင့် နားဟိုင်းလုံကျေးရွာမှ ဒေသခံများစုပေါင်းပြီး ရှမ်းပြည်နယ်တောင်သူလယ်သမားများ၏ သူရဲကောင်းအဖြစ် သတ်မှတ်ခံရသူ လုံးစိုင်းဆမ် အတွက်ရည်စူးသော ဆုတောင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ရွှေတူးဖော်မှု၏ဆိုးကျိုးများကြောင့် မိမိတို့ ရေအရင်းအမြစ်ထိခိုက်ခံရမည်ကိုစိုးရိမ်သောကြောင့် လုံးစိုင်းဆမ်နှင့် နားဟိုင်းလုံကျေးရွာမှ ဒေသခံများသည် ရေဉီးထွက်ရာနေရာသို့ သွားရောက် ကြည့်ရှုနေစဉ် မြန်မာစစ်တပ်၏မတရား ပစ်ခတ်ခြင်းကိုခံစားရပြီး အသက်ပေးဆုံးရှုံးခဲ့ရသည်။