Skip to content Skip to sidebar Skip to footer

သစ်တောထိန်းသိမ်းရေးလှုပ်ရှားမှု (မိုင်းခုတ်)

ရှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ယက်နှင့်  မိုင်းခုတ်‌‌ဒေသခံများစုပေါင်းပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့နယ်တွင် သစ်တောထိန်းသိမ်းကာကွယ်ရေးလှုပ်ရှားမှုကို ကျင်းပပြုလုပ်ခဲ့သည်။

 

ယင်းလှုပ်ရှားမှုတွင်  ဒေသအတွင်းကျောက်မီးသွေးလာရောက်တူးဖော်မှု၏အန္တရာယ်ကို ကာကွယ်ရန်နှင့် သစ်တောသစ်ပင်များ အဖျက်အဆီးမရှိ ရေရှည်တည်တံ့နိုင်စေရန်အတွက် ရည်ရွယ်ပြီး သစ်ပင်များအား သင်္ကန်းစည်းပေးခြင်း ၊ ဆုတောင်းခြင်း၊ တောတောင်ရေမြေသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက် လှုံ့ဆော်စာများ ချိတ်ဆွဲခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။

 

မိုင်းခုတ်ဒေသအတွင်း ကျောက်မီးသွေးတူးဖော်မှုစီမံကိန်းသည် ငွေကြေးပေါင်းမြောက်များစွာ ရင်းနှီးမြှုပ်နှံရသော အကြီးစားစီမံကိန်းကြီးဖြစ်ပြီး ဒေသခံများမှာ ဆိုးကျိုးများကိုသာ ခံစားရမည်ဖြစ်သောကြောင့် တရားမျှတမှုကင်းမဲ့သော စီမံကိန်းဖြစ်သည်။

ၵေႃႁူမ်ႈသၢင်ႈ ၸဝ်ႈႁႆႈၸဝ်ႈၼႃးၸိုင်ႈတႆး shan farmers mong gok october 2019 4

ၵေႃႁူမ်ႈသၢင်ႈ ၸဝ်ႈႁႆႈၸဝ်ႈၼႃးၸိုင်ႈတႆး shan farmers mong gok october 2019 3 ၵေႃႁူမ်ႈသၢင်ႈ ၸဝ်ႈႁႆႈၸဝ်ႈၼႃးၸိုင်ႈတႆး shan farmers mong gok october 2019 1