Skip to content Skip to sidebar Skip to footer

ရှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ယက်အကြောင်း

ၵေႃႁူမ်ႈသၢင်ႈ ၸဝ်ႈႁႆႈၸဝ်ႈၼႃးၸိုင်ႈတႆး farmers conference

ရှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ယက်သည် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း နှင့် ဒေသအတွင်း ၊ အဖွဲ့အစည်းအတွင်း ရေရှည်ရပ်တည်နိုင်ရေးအတွက် ရန်ပုံငွေရှာဖွေရေး နည်းလမ်း၏များကို မျှဝေပို့ချပေးသည်။

ထို့အပြင် ဒေသခံများအသက်မွေးဝမ်းကြောင်းအတွက် အ‌ထောက်အကူပြုစေရန် ဆပ်ပြာ အမျိုးမျိုးပြုလုပ်နည်းသင်တန်းကိုလည်း ပို့ချပေးသည်။ ဒေသခံများ မိမိတို့‌ဒေသထွက် သဘာဝပစ္စည်းများ၏တန်ဖိုးကို ပိုမိုနားလည်စေရန်အတွက် ကင်မွန်းသီး၊ ခရမ်းချဉ်သီး၊ သံပုရာသီး၊ ပျားရည်၊ ရှားစောင်းလက်ပတ်၊ လက်ဖက်ရွက် ကဲ့သို့သော ဒေသထွက်ပစ္စည်းများကို အသုံးပြုရသော သဘာဝဆပ်ပြာပြုလုပ်နည်းများကို သင်ကြားပေးသည်။ ယင်းဆပ်ပြာ အမျိုးမျိုးပြုလုပ်နည်းတွင် ရေချိုးဆပ်ပြာပြုလုပ်နည်း၊ ခေါင်းလျှော်ရည်ပြုလုပ် နည်း ၊ ဆပ်ပြာခဲပြုလုပ်နည်း ၊ အဝတ်လျှော်ပန်းကန်ဆေးဆပ်ပြာဆီပြုလုပ်နည်း တို့ပါဝင်သည်။

သဘာဝဆပ်ပြာပြုလုပ်နည်းသင်တန်းကြောင့် ဒေသခံများ ဒေသထွက်ပစ္စည်းများကို ပိုမိုတန်ဖိုးထားလာသည့်အပြင် မိမိတို့အသုံးစရိတ်ကို လျော့ချလာနိုင်ခြင်း၊ အခြား တစ်ဖက်လမ်းမှ ဝင်ငွေရရှိလာခြင်း နှင့် ဒေသတွင်း ၊ ရပ်ရွာတွင်း ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေရှာဖွေလာနိုင်ခြင်းစသော နည်းလမ်းများကို ရရှိစေသည်။ 

ကျွန်ုပ်တို့၏လှုပ်ရှားမှုများ
Icon

စစ်ဘေးရှောင်များလှူဒါန်းခြင်း

ရှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ယက်သည် ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးဘာသာ မရွေး အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသော စစ်ပြေးရှောင် ဒေသခံ ပြည်သူများအား ကူညီပံ့ပိုးပေးသည်။ မိမိတို့ကွန်ယက်အနေဖြင့် စစ်ဘေးရှောင်ပြည်သူများ ၊ မီးဘေးသင့်ပြည်သူများ ၊ ရေဘေးသင့်ပြည်သူများ သာမက အကြီးစားရင်းနှီးမြှုပ်နှံမှု၏ဆိုးကျိုးကို ခံစားရသော ပြည်သူများအား ကူညီပံ့ပိုးပေးခဲ့သည်။

မိမိတို့သည် စားဝတ်နေရေးအတွက် မရှိမဖြစ်လိုအပ်သော ဆန်၊ ဆီ ၊ ဆား ၊ စားသောက်ကုန်များ ၊ အဝတ်အစားများနှင့် အမျိုးသမီးအသုံးအဆောင်များကို ဉီးစားပေးလှူဒါန်းပြီး အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်ရန်မဖြစ်နိုင်သော ဒေသများတွင်သာ ငွေသားဖြင့် လှူဒါန်းပေးလေ့ရှိသည်။
Icon

သင်တန်းပို့ချခြင်း

ရှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ယက်သည် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း နှင့် ဒေသအတွင်း ၊ အဖွဲ့အစည်းအတွင်း ရေရှည်ရပ်တည်နိုင်ရေးအတွက် ရန်ပုံငွေရှာဖွေရေး နည်းလမ်း၏များကို မျှဝေပို့ချပေးသည်။

ထို့အပြင် ဒေသခံများအသက်မွေးဝမ်းကြောင်းအတွက် အ‌ထောက်အကူပြုစေရန် ဆပ်ပြာ အမျိုးမျိုးပြုလုပ်နည်းသင်တန်းကိုလည်း ပို့ချပေးသည်။ ဒေသခံများ မိမိတို့‌ဒေသထွက် သဘာဝပစ္စည်းများ၏တန်ဖိုးကို ပိုမိုနားလည်စေရန်အတွက် ကင်မွန်းသီး၊ ခရမ်းချဉ်သီး၊ သံပုရာသီး၊ ပျားရည်၊ ရှားစောင်းလက်ပတ်၊ လက်ဖက်ရွက် ကဲ့သို့သော ဒေသထွက်ပစ္စည်းများကို အသုံးပြုရသော သဘာဝဆပ်ပြာပြုလုပ်နည်းများကို သင်ကြားပေးသည်။ ယင်းဆပ်ပြာ အမျိုးမျိုးပြုလုပ်နည်းတွင် ရေချိုးဆပ်ပြာပြုလုပ်နည်း၊ ခေါင်းလျှော်ရည်ပြုလုပ် နည်း ၊ ဆပ်ပြာခဲပြုလုပ်နည်း ၊ အဝတ်လျှော်ပန်းကန်ဆေးဆပ်ပြာဆီပြုလုပ်နည်း တို့ပါဝင်သည်။

သဘာဝဆပ်ပြာပြုလုပ်နည်းသင်တန်းကြောင့် ဒေသခံများ ဒေသထွက်ပစ္စည်းများကို ပိုမိုတန်ဖိုးထားလာသည့်အပြင် မိမိတို့အသုံးစရိတ်ကို လျော့ချလာနိုင်ခြင်း၊ အခြား တစ်ဖက်လမ်းမှ ဝင်ငွေရရှိလာခြင်း နှင့် ဒေသတွင်း ၊ ရပ်ရွာတွင်း ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေရှာဖွေလာနိုင်ခြင်းစသော နည်းလမ်းများကို ရရှိစေသည်။
Icon

ရှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ယက် တွေ့ဆုံဆွေးနွေးပွဲ

၂၀၁၄ ခုနှစ်မှ စတင်ပြီး ရှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ယက်တွေ့ဆုံဆွေးနွေးပွဲကို တစ်နှစ်တစ်ကြိမ် နှစ်စဥ်ကျင်းပပြုလုပ်သည်။ ယင်းတွေ့ဆုံပွဲတွင် မြို့နယ်အသီးသီးမှ တောင်သူလယ်သမားများ တက်ရောက်ကြပြီး မိမိတို့ဒေသတွင်းကြုံတွေ့နေရသောအခြေအနေများ ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေများ၊ အခက်အခဲများ ၊ စိန်ခေါ်မှုများ ၊ လှုပ်ရှားမှုများ ၊ တုန့်ပြန်မှုများ စသော အခြေအနေအမျိုးမျိုးကို လာရောက် ဆွေးနွေးဖလှယ်ကြသည်။ ထို့အပြင် ရှမ်းပြည်အတွင်းနေထိုင်ကြသော တိုင်းရင်းသားများဖြစ်သည့် ဓနု ၊ အင်းသာ ၊ ရင်းကျား ၊ ကချင် ၊ အာခါ ၊ လားဟူ စသော တောင်သူလယ်သမား များမှလည်းတွေ့ဆုံပွဲကို တက်ရောက်ဆွေးနွေးပြီး လက်ရှိအချိန်ထိလည်းမိမိတို့နှင့် ကွန်ယက်ချိတ်ဆက်ထား သည်။
Icon

ဆုတောင်းပွဲ

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရှမ်းပြည်နယ်တောင်သူလယ်သမားများ ကွန်ယက်သည် ရှမ်းပြည်အတွင်းရှိမြစ်ချောင်းများ လွတ်လပ်စွာစီးဆင်းနိုင်ရန် နှင့် သစ်တောများ အဖျက်အဆီးမရှိရေရှည်တည်တံ့ခိုင်မြဲနိုင်စေရန်အတွက် ရည်ရွယ်ပြီး ဓလေ့ထုံးတမ်းအစဉ်အလာအရ ဆုတောင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။ ထို့အပြင် အများအကျိုးအတွက် အသက်ပေးလှူဒါန်းခဲ့ရသော ရှမ်းပြည်နယ်တောင်သူလယ်သမားများ၏ သူရဲကောင်းအဖြစ် အသိအမှတ်ပြုခံရသူအတွက် ရည်စူးသော ဆုတောင်းပွဲအခမ်းအနားများ ကိုလည်း ဉီးဆောင်ကျင်းပသည်။

မြစ်ချောင်းများအတွက် ဆုတောင်းပွဲအခမ်းအနားကို နှစ်စဉ်နှစ်တိုင်း မတ်လ ၁၄ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့) တွင် ကျင်းပပြုလုပ်‌လေ့ရှိသည်။ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အခမ်းအနားအနေဖြင့် မိမိတို့ ဒေသခံများ၏သဘောထားဆန္ဒကို ကမ္ဘာအနှံ့ အနယ်နယ်အရပ်မှ ပြည်သူလူထုများသိမြင်နိုင်စေရန်နှင့် မြစ်ချောင်းများ အတားအဆီးမရှိ စီးဆင်းနိုင်စေရန်အတွက် ရည်ရွယ်ပြီး ဆုတောင်းပွဲနှင့် ဆန္ဒထုတ်ဖော်ပွဲများဉီးဆောင်ပြုလုပ် လေ့ရှိသည်။

ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ဒေသခံများ၏ရှိရင်းစွဲရိုးရာယုံကြည်မှုကိုအခြေခံပြီး တောတောင် ရေမြေဇာတာဆက်အခမ်းအနားကိုကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ယင်းအခမ်းအနား၏ရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင်အား ဖျက်စီးပြီး ရွှေတူးဖော်ခြင်း၊ ရေကာတာဆောက်လုပ်ခြင်း၊ ကျောက်မီးသွေးတူးဖော်ခြင်းတို့ကိုဆန့်ကျင်ပြီး သစ်တောသစ်ပင်များ အဖျက်သမား အန္တရာယ်မှကင်းဝေးပြီးရေရှည်တည်တံ့ခိုင်မြဲရန်အတွက် သစ်ပင်များအား အသက်ဆက်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခြင်းသည်။

အများအကျိုးအတွက် အသက်ပေးလှူဒါန်းခဲ့ရသော ရှမ်းပြည်နယ်တောင်သူလယ်သမားများ၏ သူရဲကောင်းအဖြစ်အသိအမှတ်ပြုခံရသူအတွက်ရည်စူးပြီးရှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ယက်နှင့် နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းတို့ စုပေါင်းပြီး အလှူအဒါန်းများ ကျင်းပပြုလုပ် ပေးသည်။ အခမ်းအနား၏ရည်ရွယ်ချက်မှာ နောင်လာနောက်သားများ အသက်ပေးခဲ့သူ သူရဲကောင်းအား အမှတ်ရနေစေရန်နှင့် အကြီးစားရင်းနှီးမြှုပ်နှံမှုကြီးများ၏ဆိုးကျိုးကို သိရှိပြီး ရှေ့ဆက်သင်ခန်းစာ ရယူနိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ဆက်သွယ်ရန်

Some description text for this item